ပိတောက်ရွှေဝါ
လတန်ခူးပေမို့ 
အလှထူးပါဘိ၊
မြမြဖူးရယ်တဲ့ခိုင်ရွှေဝါ။ ။
တကယ်တန်းသာဖြင့်၊ ဘယ်ပန်းသော်စံမတူဘု၊
နန္ဒမူ ဖလ်ကူထိပ်မှာလှ၊ ပစ္စေကာချွေးတော်
သိပ်ရတယ်၊ အေးရိပ်ဆာယာ။ ။
တနှစ်တွင် သည်တလပေပ၊
တလတွင် တရက်ထဲ၊
ခက်ခဲတဲ့ရက်ဗုဒ္ဓါ၊
ပွင့်ရှာကြစုံမြိုင်တွင်း။ ။
မြူမင်းလွင်ထန်ကြူသင်းတာချိန်ယံမတော့၊
ရွှေဝတ်ဆံငုံတံညှောင့်ကယ်နှင့်၊ ခါသင်္ကြန်ဂိမှန်
ရောက်ပြန်တော့၊ သိရ်သရေထိန်ဝေလို့  တောက်တဲ့ပြင်၊
လမ်းတလျှောက်သင်းပါဘိ၊ ဆန်းသလောက်မလင်းနိုင်းဘူး၊
ပန်းပိတောက်မင်း။ ။
ဦးကြော့
အမှတ်စဉ် (132)ဖတ်ရန်